နေပြည်တော် ၂၆ ဖေဖော်ဝါရီ

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၇၀ ဒသမ ၇၂ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၆၁ ဒသမ ၁၇ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၃၁ ဒသမ ၈၉ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၀၁ ဒသမ ဝ၅ သန်း၊ နယ်စပ်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၁ ဒသမ ၅၉ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၈၉၂ ဒသမ ၆၄ သန်း ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလအတွက် စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၃၃၂၄ ဒသမ ၅၃ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၄၆၀ ဒသမ ၇၅ သန်း ဖြစ်ပေါ်ခဲ့သည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၇၂၂ ဒသမ ၃၀ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၀၃၉ ဒသမ ၈၄ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၇၆၂ ဒသမ ၁၄ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၁၇၂ ဒသမ ၉၃ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၁၇ ဒသမ ၃၃ သန်းနှင့် စုစုပေါင်းသွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၉၉၀ ဒသမ ၂၆ သန်း ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၉၇၅၂ ဒသမ ၄၀ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၂၂၈ ဒသမ ၁၂ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ် တင်ပြသော ပို့ကုန်၊ သွင်းကုန်အခြေအနေ အစီရင်ခံစာအရ သိရှိရသည်။

 

သတင်းစဉ်