နေပြည်တော်  ၁၁  ဇွန်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဧပြီလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၂၆ ဒသမ ၁၆ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၅၁ ဒသမ ၉၇ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၇၈ ဒသမ ၁၃ သန်းဖြစ်သည်။ ပုံမှန်တင်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၇၂ ဒသမ ၄၄ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၃ ဒသမ ၂၉ သန်းနှင့် စုစုပေါင်းသွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၂၅ ဒသမ ၇၃ သန်းဖြစ်သည်။ သို့ဖြစ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဧပြီလအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၇၀၃ ဒသမ ၈၆ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၂၅၂ ဒသမ ၄၀ သန်းဖြစ်ပေါ်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဧပြီလအထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၄၄၉ ဒသမ ၁၉ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၂၉၆ ဒသမ ၃၅ သန်းနှင့် စုစုပေါင်း  ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၇၄၅ ဒသမ  ၅၄ သန်းဖြစ်သည်။

ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၁၂၅ ဒသမ ၈၂ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၈၁ ဒသမ ၀၆ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၉၀၆ ဒသမ ၈၈ သန်းဖြစ်သည်။ သို့ဖြစ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဧပြီလအထိ စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂၆၅၂ ဒသမ ၄၂ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၁၆၁ ဒသမ ၃၄ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန်အခြေအနေ အစီရင်ခံစာအရ သိရှိရသည်။

သတင်းစဉ်