နေပြည်တော် ၁၄ မေ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ဧပြီလထိ) (ယာယီ) တွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၇၀၀ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၉၀၆ သန်း ရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆၀၆ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်နှစ် ကာလတူ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ဧပြီလထိ) တွင် ပြည်ပပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၉၇၅၀ သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၃၁၄ သန်းဖြစ်၍ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀၀၆၄ သန်း ဖြစ်သဖြင့် ယခင်နှစ် ကာလတူထက် ပို့ကုန်တွင် ၉၅၀ ဒေါ်လာသန်း၊ သွင်းကုန်တွင် ၁၅၉၂ ဒေါ်လာသန်းနှင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂၅၄၂ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။
ပြည်ပပို့ကုန်ပစ္စည်းများ အုပ်စုလိုက်တင်ပို့မှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အောက်ပါအတိုင်း ဖြစ်ပါသည် -
ပြည်ပသွင်းကုန်ပစ္စည်းများ အုပ်စုအလိုက်တင်သွင်းမှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အောက်ပါအတိုင်း ဖြစ်ပါသည်-
သတင်းစဉ်