ကျောက်ဆည် ၂၆ နိုဝင်ဘာ
ကျောက်ဆည်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ဒေသန္တရစီမံ ကိန်း နှင့်ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက် တာဝန်များပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တာဝန်ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြတ်သူက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး၊ စီမံကိန်းဦးစီးမှူး ဦးလှအောင်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလအထိ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည် ဖော်နိုင်မှု အခြေအနေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်များ၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်များအား ပြည့်ဝစွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည် ဖော်ရေး ကော်မတီ ဉက္ကဌ ဦးထွန်းမင်းဇော်ထံသို့ စီမံကိန်းတာဝန်များလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)


