၅ ဧပြီ
၂၀၁၉-၂၀၂၀ ခုနှစ် ဂျီဒီပီတိုးတက်မှုနှုန်းကို ယခင်နှစ်ကခန့်မှန်းထားသည့် ၇ ဒသမ ၄ ရာခိုင်နှုန်းထက်နည်းကာ ၇ ဒသမ ၂ ရာခိုင်နှုန်းထိ လျော့ချခဲ့ကြောင်း အိန္ဒိယနိုင်ငံ၏ ဗဟိုဘဏ်အဖွဲ့အစည်းဖြစ်သည့် အိန္ဒိယနိုင်ငံဗဟိုဘဏ် (RBI) က ပြောကြားသည်။
ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့သည့်မူဝါဒအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဂျီဒီပီခန့်မှန်းချက်ကို ၇ ဒသမ ၂ ရာခိုင်နှုန်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ကုန်စည်ထုတ်လုပ်မှုနှင့် တင်သွင်းမှုတွင် နှေးကွေးစေသည့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်လက္ခဏာအချို့ ရှိလာခြင်းကြောင့် ဖြစ်သည်။
ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျော့ပေါ့လာခြင်းက အိန္ဒိယနိုင်ငံ၏ ပို့ကုန်များအပေါ် အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဗဟိုဘဏ်က ပထမဆုံးသော တစ်လနှစ်ကြိမ် ထုတ်ပြန်သည့် ငွေကြေးဆိုင် ရာမူဝါဒထုတ်ပြန်ချက်တစ်ခုအတွင်း ဖော်ပြသည်။
“အထက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဂျီဒီပီခန့်မှန်းချက်က ၇ ဒသမ ၂ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ထုတ်ပြန်ချက်ကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်
