ဂန့်ဂေါ ၁၆ အောက်တိုဘာ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဂန့်ဂေါမြို့နယ် ကျေးရွာ ၁၂ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေ:လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မည့်ကျေးရွာများမှာ လယ်မ၊ ချောင်းနက်၊ ဖက်ဝန်း၊ မောလယ် ၊ သင်တော၊ တော်ဝင်၊ မွှေ့လယ်၊ တောင်ယာပြင်၊ ရွှေတောင်၊ မောက်၊ ဇံမွှေး၊ အောင်မြင်ကျေးရွာများဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကလည်း ဂန့်ဂေါမြို့နယ် ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကျေးရွာ ၁၂ ရွာ၌ ကျေးရွာ ၈ ရွာတွင် လမ်းမြေနီ ကျောက်စရစ်ခင်းခြင်း၊ ကျေးရွာ ၂ ရွာတွင် စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်း၊ ကျေးရွာ ၁ ရွာတွင် စာကြည့် တိုက်ဆောင် ဆောက်လုပ်ခြင်း၊ ကျေးရွာ ၁ ရွာတွင် ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ခြင်း တို့ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
တောင်သားမောင်သန်း


