ပွင့်ဖြူ ၁၅ ဖေဖော်ဝါရီ 

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည် တောင်မုန်းမြာင်းမကြီးမှ ၂၀၁၉-၂၀၂၀ နွေသီးနှံများအတွက် ပျိုးထောင်ရေကို ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ပေးဝေနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချဦးစီးဌာန ဦးစီးအရာရှိ မြို့ပြရုံးမှ သိရသည်။

 

“မဲဇလီဆည်ကနေ တောင်မုန်းမြောင်းမကြီးကို ဒီကနေ့ ရေစတင်ပေးနေပါပြီ။ ကျွန်တော်တို့က တောင်သူတွေကိုတော့ ကြိုအသိပေးထားပြီးသားပါ။ ဒီကနေ့ ရေပေးမယ်ဆိုတာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီ စာပို့ပြီး အကြောင်းကြားခဲ့ပါတယ်။ လယ်ကြားမြောင်းတွေ ရေပေးဝေတဲ့အခါ အဆင်ပြေအောင် ရေမြိတ် ခြုံနွယ်ပိတ်ပေါင်းတွေ ကြိုတင်ခုတ်ထွင် ရှင်းလင်းထားနိုင်ဖို့ အတွက်ပါ။ နွေနှမ်းစိုက်ပျိုးနိုင်ဖို့အတွက်လည်း မဲဇလီရေလွှဲဆည် မြောက်မုန်းမြောင်းမကြီးမှလည်း မတ်လ ၁ ရက်နေ့မှာ ရေစတင်ပေးဝေသွားပါမယ်”ဟု ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန  ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်းမှ ပြောပြသည်။

 

6

 

ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည် တောင်မုန်းမြောင်းမကြီးမှ နွေစပါးစိုက်ဧက ၁၄၃၈၀ ဧက စိုက်ပျိုးနိုင်မည်ဟု လျာထားထားပြီး နွေနှမ်းစိုက်ဧက ၁၁၀၁၄  ဧက လျာထားသည်ဟု သိရသည်။

 

လင်းနေ