ရေး ၁၈ နိုဝင်ဘာ
ရေးမြို့ ၂၀၁၉-၂၀၂၀၂ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ရေးမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၁၇၆)ကျောင်းမှ သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် မူလတန်းအဆင့်(၈၀)ဦး၊ အလယ်တန်းအဆင့်(၁၇၅)ဦးနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် မူလတန်းအဆင့်(၄၉)ဦး၊ အလယ်တန်းအဆင့်(၁၁၈)ဦး စုစုပေါင်း (၄၂၂)ဦး ဝင်ရောက် ယှဉ် ပြိုင်ကြကြောင်း သိရသည်။
ခင်သိမ့်(ရေး၊ ပြန်/ဆက်)
Related Articles


