ရွှေကူ ၇ ဇန်နဝါရီ
၂၀၁၉−၂၀၂၀ ပညာသင်နှစ်၊ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့အားကစား ကွင်းအတွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့်တာဝန်ရှိ သူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက နိုင်ငံတော်အလံအား အလေးပြုကြသည်။ ယင်းနောက် ရွှေကူမြို့နယ် ပညာရေးမှူး ဦးအောင်ဆွေက အဖွင့် အမှာစကားပြောကြားခဲ့ပြီး အားကစားသမားများက အားကစား သစ္စာအဓိဌာန်များကို ရွတ်ဆိုကာ ဘင်ခရာနှင့် ပန်းပွားအကအလှများဖြင့် ဖျော်ဖြေခဲ့ကြ သည်။

ဆက်လက်၍ ကွင်းဖွင့်ပွဲအဖြစ် အခြေခံပညာကျောင်းများမှ ကျောင်းဆရာများ ဘောလုံး အားကစားအသင်း နှစ်သင်းမှ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ယင်းနောက် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအား မီတာ ၇၅၊ မီတာ ၁၀ဝ၊ မီတာ ၂၀ဝ၊ မီတာ ၄၀ဝ၊ မီတာ ၈၀ဝ အပြေးပြိုင်ပွဲများ၊ ကျောက်ခဲကောက် ပြိုင်ပွဲနှင့် ကာယ၊ ဉာဏ်ဏစွမ်းရည်ပြိုင်ပွဲများကို ဇန်နဝါရီလ ၇ ရက်နေ့မှ ၈ ရက် နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)