ကြာအင်းဆိပ်ကြီး  ၁၉  ဖေဖော်ဝါရီ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို  မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ ပြည့်နှစ် မတ်လ (၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ ပြုလုပ်ကျင်းပမည်ဖြစ်ရာ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း စာစစ်ဌာန (၅)ခု ၌ ကျောင်းသား ကျောင်းသူ  (၂၂၉၇)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရာတွင် ကြာအင်းဆိပ်ကြီးမြို့ အထက ကျောင်းစာစစ်ဌာန ၌(၈၉၅)ဦး၊ ကြာအင်းဆိပ်ကြီးမြို့ အထက တံခွန်တိုင်ကျေးရွာ၌ ၅၈၈ ဦး အထက ခလယ်ကျေးရွာ၌ (၂၇၇) ဦး ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ အထကကျောင်း၌ ၂၇၀ နှင့် ဘုရားသုံးဆူမြို့အ-ထ-ကကျောင်းတွင် (၂၆၇)ဦး စုစုပေါင်းကျောင်းသားကျောင်းသူ(၂၂၉၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးမြင့်ထွန်းထံမှ သိရှိရသည်။

 

ကိုမျိုး(ဇမိမြေ)