mdn

နေပြည်တော် ၂၁ ဇွန်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစု ပညာသင်ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

ထို့နောက် ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ထူးချွန်ဆုရသူ(၃)ဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် လေးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၂)ဦး တို့အား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တက်ရောက်ကြမည့် ဝန်ကြီးဌာနမှ ဝန်ထမ်း မိသားစုများ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ငွေများကို ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ကလည်းကောင်း၊ ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်မှ အသင်းသားများ၏ သားသမီးများအတွက် ပညာသင် ထောက်ပံ့ငွေ ကို ဒုတိယအမြဲတမ်း အတွင်းဝန်ကလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 

ယနေ့အခမ်းအနားတွင် ပညာသင်ထောက်ပံ့ချီးမြှင့်ငွေကျပ် စုစုပေါင်းမှာ ငွေကျပ် ၂၀၄၆၄၀ဝ၀ (နှစ်ရာ့လေးသိန်းခြောက်သောင်းလေးထောင်တိတိ)ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)