မြိတ်  ၇  အောက်တိုဘာ

 

၂၀၁၉-၂၀၂၀ခုနှစ် ဘဏ္ဍာရေးနှစ်တွင်မြို့ပေါ် ရပ်ကွက်‌၊ကျေးရာများအလိုက် ဆောင်ရွက်မည့် စည်ပင်ဘတ်ဂျတ် လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူလူထုများသို့ ချပြရှင်းလင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေး ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းဝေဖြိုးလတ်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမြတ်ကိုကိုက စည်ပင်သာယာရေးလုပ်ငန်းစင်များကို ချပြရှင်းလင်းပြောကြားသည်။

 

ထိုနောက် မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကြည်စိုးက ၂၀၁၉-၂၀၂၀ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်မြို့ ရပ်ကွက်‌၊ကျေးရွာများအလိုက်ဆောင်ရွက်မည့် စည်ပင်ဘတ်ဂျတ် လုပ်ငန်းများကို တက်ရောက်လာသူများအား အသေးစိတ်ရှင်းလင်း ‌ပြောကြားပြီး လောကအလင်းမှ ကိုသန်းစိုးက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အမှိုက်ခွဲခြားမှု (waste management) ပြုလုပ်နေမှုများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက လိုအပ်ချက်များကို မေး့မြန်းအကြံပြုတင်ပြဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးမြတ်ကိုကိုက နိဂုံးချုပ်အမှာစကားပြောကြာခဲ့ကြောင်း သိရသည်။

 

 

မြင့်ဦး(မြိတ်)