ရန်ကုန် ၆ ဩဂုတ်
ဩဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပသည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က) တွင် အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နှင့် ကျရောက်ခဲ့ပြီး အုပ်စုပထမပွဲစဉ်အဖြစ် ဩဂုတ် ၆ ရက်(ယနေ့) ညနေ ၃ နာရီခွဲတွင် လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ ယူ- ၁၈ အသင်းတွင် အုပ်ချုပ်သူအဖြစ် ဦးရဲဝင်းအောင်၊ နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြများအဖြစ်- ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး- နေလင်းထက်၊ ပြည့်ဖြိုးသူ၊ စောထက်၊ နောက်တန်း- သက်ဟိန်းစိုး၊ ဉာဏ်လင်းထက်၊ စည်သူမိုးခန့်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ စောထော်နေမူး၊ ကောင်းခန့်ကျော် (၁)၊ အလယ်တန်း- ရဲမင်းကျော်၊ နောင်နောင်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ရန်ကျော်စိုး၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ မိုးဆွေ၊ ဟိန်းထက်အောင်၊ ရှေ့တန်း- လမင်းထွေး၊ ညီညီ၊ စောကျော်အဲနှင့် ဩဘာခတို့ ပါဝင်ကြသည်။
အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဩဂုတ် ၈ ရက်တွင် ဖိလစ်ပိုင်အသင်း၊ တတိယပွဲစဉ်အဖြစ် ဩဂုတ် ၁၀ ရက်တွင် တီမောအသင်း၊ စတုတ္ထပွဲစဉ်အဖြစ် ဩဂုတ် ၁၂ ရက်တွင် ဘရူနိုင်းအသင်း၊ ပဉ္စမပွဲစဉ်အဖြစ် ဩဂုတ် ၁၄ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ထပ်မံယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
MDN