၆ ဇွန်
မြန်မာနိုင်ငံဂေါက်သီးအားကစားဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နှင့် R&A တို့ ပူးပေါင်းဖွင့်လှစ်သော ဂေါက်သီးစည်းမျဉ်းသင်တန်း (R&A Level-1 Rules Seminar 2019) ကို ဇွန် (၂၉) ရက်တွင် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဂေါက်ကလပ်၌ ဖွင့်လှစ်မည်ဖြစ်သည်။
ယင်းသင်တန်းကို ဂေါက်သီးအားကစား စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပြီး သင်တန်းတက်ရောက်လိုသူများသည် ဇွန် (၂၀)ရက် နောက်ဆုံးထား၍ ဦးထွန်းကျော် (ဖုန်းနံပါတ် ဝ၉ ၅၁၉၃၄၂၃) နှင့် ဦးဝင်းဇော် (ဖုန်းနံပါတ်- ဝ၉ ၂၅၄၂၂၅၀၇၀) တို့သို့ စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။ သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်သည် ဂေါက်သီးစည်းမျဉ်းသင်တန်း (R&A Level-1 Rules Seminar 2019) ကို ရန်ကုန်၊ မန္တလေးမြို့တို့တွင် ဖွင့်လှစ်ခဲ့ပြီး တတိယမြောက်အဖြစ် ပြင်ဦးလွင်မြို့၌ ထပ်မံဖွင့်လှစ်ခြင်းဖြစ်သည်။
သတင်း-ဖိုးသော်ဇင်