နေပြည်တော်  ၂၂  ဇွန် 

 

နှစ်စဉ် ဇွန် ၂၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားပြီး လူထုစုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ အမြို့မြို့အနယ်နယ်များ၌ ကျင်းပပြုလုပ်လျှက်ရှိရာ ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် ၂၀၁၉ ခုနှစ်၊ ဇွန် ၂၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဆန်း၊  အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်းများ၊ နေပြည်တော်ရှိ လုပ်သားပြည်သူများ စုစုပေါင်းအင်အား (၂၉၇၄) ဦးခန့် တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲကြသည်။

 

ge 5.j

 

အိုလံပစ်နေ့ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် နေပြည်တော် မြို့မဈေးရှေ့၌ နံနက် ၅ နာရီခွဲအချိန်တွင် စတင်တာလွှတ်ပြီး ပျဉ်းမနား-တောင်ညို လမ်းအတိုင်း သပြေကုန်းအဝိုင်းမှ တစ်ဆင့် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့အထိ ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ ပန်းဝင်ကြပါသည်။ အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများအား အားကစားနှင့်ကာပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များကို ပေးဝေကြသည်။

 

7.jpg

 

ထို့နောက် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသော ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊(၂)နှင့် Free Hand Exercise လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

MDN

 

14.jp