နေပြည်တော် ၁၃ ဇူလိုင်
၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ခရီးရှည်မြင်းစီး လက်ရည်စစ်ပြိုင်ပွဲကို ဇူလိုင် ၁၄ ရက် နံနက် ၆ နာရီတွင် နေပြည်တော် မြင်းစီးအားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယ ပညာဦးစီးဌာနက ကျင်းပခြင်းဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို နံနက် ၁၁ နာရီတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်လူမော်


