၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် ထုတ်ကုန်ပစ္စည်းပြပွဲ

နေပြည်တော် ၂၅ ဇွန် 
    

ဇူလိုင်(၆)ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ်အဖြစ် ဈေးရောင်းပွဲတော်နှင့် ထုတ်ကုန်ပစ္စည်းပြပွဲကို ဇူလိုင် ၅ ရက်မှ ၇ ရက်အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၆)နာရီအထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ်(၁၆)၊ နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
    

ဈေးရောင်းပွဲတွင် မြန်မာနိုင်ငံအနှံ့အပြားမှ ဒေသထွက်ကုန်ပစ္စည်းများဖြစ်သည့် စားသောက်ကုန်များ၊ အဝတ်အထည် အမျိုးမျိုး၊ လူသုံး၊ အိမ်သုံးပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် လက်မှုပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှု၍ လွတ်လပ်စွာ ဝယ်ယူအားပေးနိုင်ကြောင်း သိရသည်။ 


သတင်းစဉ်