(၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ၂၀၁၉ ခုနှစ် အာဆီယံဆုကို ချီးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ အပြီးသတ်ရွေးချယ်သည့် ဒိုင်အဖွဲ့၏ဆုံးဖြတ်ချက်အရ ဆုနှင့် ထိုက်တန်သူမရှိပါသောကြောင့် ၂၀၁၉ ခုနှစ်အာဆီယံဆုကို ပေးအပ်ချီးမြှင့်ရန် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးအဆိုပြုလွှာများထပ်မံခေါ်ယူလျက်ရှိပါသည်။
အာဆီယံဆုအတွက် အဆိုပြုသူများသည် အောက်ဖော်ပြပါသတ်မှတ်ထားသည့် နယ်ပယ် များတွင် အကျိုးပြုသူများဖြစ်ရပါမည် -
- အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားသိသာထင်ရှားသည့် ပူးပေါင်းဆောင်ရွက်မှုများ
- အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြားသိသာထင်ရှားသည့် ပူးပေါင်းဆောင်ရွက်မှုများ
- အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သိသာထင်ရှားသည့် ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံမှုများ
- အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စံနှုန်းများမြှင့်တင်ရေးနှင့် သိသာထင်ရှားသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ
- အာဆီယံအသိုက်အဝန်းတည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ
အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် ဒိုင်အဖွဲ့ကို လက်ရှိအာဆီယံအတွင်းရေးမှူးချုပ် နှင့် အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းများပါဝင်သည့် ထင်ရှားသော အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပြီးဆုရရှိသူအားအာဆီယံဆုဖလားနှင့် အမေရိကန် ဒေါ်လာ ၂၀,၀၀၀ ချီးမြှင့် သွား မည်ဖြစ်ပါသည်။ ယင်းဆုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပ မည့် (၃၅) ကြိမ်မြောက် အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။
အဆိုပါဆုအား လျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကိုအခြေခံပြီး ပြည်သူ ကိုဦးတည်၍ ပြည်သူကိုဗဟိုပြုသော အာဆီယံအသိုက်အဝန်းထူထောင်ခြင်းနှင့် အာဆီယံ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများတွင် ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အဝန်း စတင်ထူထောင် ချိန်မှစ၍ အထောက်အကူပြုခဲ့သည့် လျှောက်ထားမည့် ပုဂ္ဂိုလ်/အဖွဲ့အစည်း၏ အောင်မြင်မှု များကို စာမျက်နှာ ၃ မျက်နှာမှ ၅ မျက်နှာအကြား (အင်္ဂလိပ်ဘာသာဖြင့်) အကျဉ်းချုပ်ရေးသား ဖော်ပြရမည်ဖြစ်ပါသည်။
လျှောက်ထားရမည့် လျှောက်လွှာပုံစံကိုအာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက် စာမျက်နှာ http://www.asean.org/asean-prize တွင်ရယူ၍ အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၉)၊ နေပြည်တော် (သို့မဟုတ်) [email protected]နှင့် [email protected]သို့ ၆-၉-၂၀၁၉ ရက်နေ့ နောက်ဆုံးထား၍ လိပ်မူလျှောက်ထား နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ အသေးစိတ်အချက်အလက်များကိုလည်း ဖော်ပြပါ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် လေ့လာကြည့်ရှုနိုင် ပါကြောင်း နိုင်ငံခြားရေး၀န်ကြီးဌာန အသိပေးထားသည်။
MDN