၂၈ ဒီဇင်ဘာ 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲများကို မြန်မာနိုင်ငံနေရာအနှံအပြားတွင် ကျင်းပခဲ့ကြသည်။

အဆိုပါလမ်းလျှောက်ပွဲများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကာသိပ္ပံမှ သင်တန်းသား သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

 

‌ေ

 


လမ်းလျှောက်ပွဲတွင် ကျန်းမာကြံ့ခိုင်ရေးနှင့်ကာယလေ့ကျင့်ခန်းများ၊ အားကာသိပ္ပံမှ သင်တန်းသား သင်တန်းသူများ ဦးဆောင်၍ Fitness Dance အကများကို ပျော်ရွှင်စွာ စုပေါင်းပြုလုပ်ကြခဲ့ကြပြီး ဒီဇင်ဘာလူထုအားကစားလ အထိမ်းအမှတ်အားကစား ပြိုင်ပွဲများတွင်ဆုရရှိသည့် အားကစားသမားများအား တာဝန်ရှိသူများက ဆုများချီမြှင့်ခြင်းနှင့် ကံစမ်းမဲအစီအစဉ်များအပြင် စေတနာရှင်များက ကောက်ညှင်းပေါင်း၊ အကြော်နှင့် လဖက်ရည်တို့ကိုဝေငှပေးခဲ့ကြောင်း သိရသည်။

 

‌ေ

 

MDN