နေပြည်တော် ၁၇ စက်တင်ဘာ 

၂၀၁၉ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး “အားလုံးအနာဂတ်ကောင်းမွန်ရေး ခရီးသွားအလုပ်အကိုင်ဖော်ဆောင်ပေး” (Tourism and Jobs: A better Future for all) ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့တို့အနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များ ခိုင်မာစွာလက်တွဲ ဆောင်ရွက်လျက်ရှိသည်။

မောင်လူမော်