၂၀၁၉ ခုနှစ်၊ မိုးလယ်ကာလ ယေဘုယျ မြစ်ရေအခြေအနေ ခန့်မှန်းချက်

၂၈ ဇွန်  


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ မိုးလယ်ကာလ ယေဘုယျ မြစ်ရေအခြေအနေ ခန့်မှန်းချက်ကို ၂၈-၆-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်းထုတ်ပြန်ထားပါသည်။


မိုးလယ်ကာလဇူလိုင်လနှင့် သြဂုတ်လတို့တွင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့နှင့် ဆိပ်သာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၂)ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေ သည် ကလေးမြို့တွင် (၁)ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ စစ်တောင်း မြစ်ရေသည် တောင်ငူမြို့တွင် (၁)ကြိမ်ခန့်နှင့် မဒေါက်မြို့တွင် (၂)ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၂)ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂)ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ပုသိမ်မြို့၊ ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့ တို့တွင် (၂)ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၂)ကြိမ်ခန့်၊ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် (၁)ကြိမ်ခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၁)ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၂)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။


MDN