မန္တလေး  ၁၆   နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဉီးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာ တတိယအပတ် လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းလှုပ်ရှားမှု ဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၁၆ ရက် ယနေ့နံနက် ၅ နာရီခွဲက မန္တလေးမြို့ ကျုံးအရှေ့ဘက် ၆၆ လမ်းနှင့် ၁၉ လမ်းဆုံ နန်းရှေ့စုရပ်နေရာတွင် ကျင်းပပြုလုပ်သည်။

 

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သယံဇာတဝန်ကြီး ဦးမျိုးသစ်၊ လူဝင်မှူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးအောင်ကြည်၊ တိုင်းဒေသကြီးရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးဦးစိုင်းပန်းဆိုင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်နှင့် တိုင်းအားကစားနှင့် ကာယညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့်မန္တလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မန္တလေးမြို့မှ အားကာသိပ္ပံ၊ ပညာရေးကောလိပ်၊ အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကိုယ်ပိုင်ပညာရေးကျောင်းတို့မှ ဆရာဆရာမများ ကျာင်းသူကျောင်းသားများ၊ ပြည်သူများဝန်ထမ်းများ အုပ်စုလိုက်၊ ကျောင်းအလိုက် စုစုပေါင်း ၃၀ဝ၀ ကျော်တို့သည် သတ်မှတ်စုရပ်တွင် ရောက်ရှိနေရာယူကြပြီး တိုင်းဒေသကြီးလူဝင်မှူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးအောင်ကြည်မှ အချက်ပြသေနတ်ပစ်ဖောက်၍ တာလွတ်လိုက်သည်နှင့် တစ်ပြိုင်နက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အဖွဲ့ဝင်များ လမ်းလျှောက်ပွဲဆင်နွဲကြသူများသည် စုရပ်မှ ၆၆ လမ်းအတိုင်း ကျုံးမြောက်ဘက် ၁၂ လမ်း၊ ထိုမှရွှေမန်းတောင် အားကစားကွင်းအတွင်းသို့ နိုဝင်ဘာ တတိယပတ် စုပေါင်းလမ်းလျှောက်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲရောက်ရှိကြပြီး အားကစားကွင်းအတွင်း စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ ၁၊ အတွဲ ၂ နှင့် Myanmar Fitness Dance လေ့ကျင့်ခန်း လှုပ်ရှားမှုများ ဆက်လက်လှုပ်ရှား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

တင်မောင် (မန်းကိုယ်ပွား)

 

e IMG_20