၂၇ နိုဝင်ဘာ

 

၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး အသင်းရွေးချယ်ရန် ဆန်ကာတင် ကစားသမား ၅၀ စာရင်းကို ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA က ထုတ်ပြန်ကြေညာလိုက်ပီ ဖြစ်သည်။

 

အဆိုပါကစားမား ၅၀ ထဲမှ ပရိသတ်တွေ မဲပေးရွေးချယ်ရမည်ဖြစ်ပြီး မဲအရေအတွက် အများဆုံး ရရှိသည့် ကစားသမားများကို UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ထည့်သွင်း ရွေးချယ် သွားမည် ဖြစ်သည်။ UEFA ဆန်ကာတင် ကစားသမား ၅၀ တွင် ဂိုးသမား ၅ ဦး၊ ခံစစ်ကစား ၁၅ ဦး၊ အလယ်တန်း ကစားမား ၁၅ ဦးနှင့် တိုက်စစ်ကစားသမား ၁၅ ဦးထိ ပါဝင်နေသည်။

 

UEFA ဆန်ကာတင် ဂိုးသမား ၅ ဦးမှာ တာစတီဂျန် (ဘာစီလိုနာ)၊ အလီဆွန်(လီဗာပူး)၊ အီဒါဆင် (မန်စီးတီး)၊ အော့ဘဘက် (အက်သလက်တီကိုမက်ဒရစ်)၊ အိုနာနာ (အေဂျက်စ်) တို့ ဖြစ်ကြသည်။

 

ခံစစ်ကစားသမား တွေကတော့ အလက်ဇန္ဒား အာနိုး(လီဗာပူး)၊ ဗန်ဒိုက် (လီဗာပူး) ရောဘတ်ဆန် (လီဗာပူး)၊ အက်ဇ်ပီလီကူတာ(ချဲလ်ဆီး)၊ ဗာတွန်ဂမ် (တော့တင်ဟမ်ဟော့စပါး)၊ ပီကေး (ဘာစီလိုနာ)၊ ဂျော်ဒီအက်လ်ဘာ (ဘာစီလိုနာ)၊ ရာမို့စ် (ရီးရဲမက်ဒရစ်)၊ ဟိုဆေး ဂျီမီနက်ဇ် (အက်သလက် တီကိုမက်ဒရစ်)၊ ဒီလစ် (ဂျူဗင်တပ်) ကင်းမစ်ချ် (ဘိုင်ယန်မြူးနစ်)၊ လာပေါ်တေး (မန်စီးတီး)၊ ကူလီဘာလီ (နာပိုလီ) ဒါလေဘလိုင်း (အေဂျက်စ်) နှင့် တက်ဂ်လီယာဖီကို (အေဂျက်စ်)၊ တို့ ဖြစ်သည်။

 

ကွင်းလယ်ကစားသမားများမှာ ဘာနာဒိုဆေးလ်ဗား (မန်စီးတီး)၊ ဒေးဗစ်ဆေးလ်ဗား (မန်စီးတီး)၊ ကယ်ဗင်ဒီဘရိုင်း (မန်စီးတီး)၊ ဖာဘင်ဟို (လီဗာပူး)၊ ဟန်ဒါဆန် (လီဗာပူး)၊ ဝိုင်နယ်လ်ဒမ် (လီဗာပူး)၊ ဂျော်ဂျင်ဟို (ချဲလ်ဆီး)၊ ကန်တီ (ချဲလ်ဆီး)၊ ဗန်ဒီဘိခ် (အေဂျက်စ်)၊ ဇီယက်ချ် (အေဂျက်စ်)၊ ဒီဂျောင်း (ဘာစီလိုနာ)၊ ဒီမာရီယာ (ပီအက်စ်ဂျီ)၊ သီယာဂို (ဘိုင်ယန်မြူးနစ်)၊ ဖေဘီယံရုဇ် (နာပိုလီ) နှင့် ဘရူနို ဖာနန်ဒက်စ် (စပို့တင်းလစ္စဘွန်း)တို့ ဖြစ်သည်။

 

တိုက်စစ်ကစားတွေအနေဖြင့် မက်ဆီ (ဘာစီလိုနာ)၊ ရော်နယ်ဒို (ဂျူဗင်တပ်)၊ ဆာလာ (လီဗာပူး)၊ မာနေး (လီဗာပူး)၊ ဖာမီနို (လီဗာပူး)၊ အူဘာမီယန် (အာဆင်နယ်)၊ ဟယ်ရီကိန်း (တော့တင်ဟမ်ဟော့စပါး)၊ ဆွန်ဟောင်မင် (တော့တင်ဟမ်ဟော့စပါး)၊ အဂူရို (မန်စီးတီး)၊ စတာလင်း (မန်စီးတီး)၊ လီဝန်ဒေါ့စကီး (ဘိုင်ယန်မြူးနစ်)၊ ဂနာဘီ (ဘိုင်ယန်မြူးနစ်)၊ အမ်ဘတ်ပီ (ပီအက်စ်ဂျီ)၊ ဟာဇက် (ရီးရဲမက်ဒရစ်)၊ နှင့် တာဒစ် (အေဂျက်စ်) တို့ အသီးသီး ပါဝင်ကြသည်။

 

MDN