၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား/အမျိုးသမီး (၂)ယောက်တွဲ ပြိုင်ပွဲများကျင်းပ

နေပြည်တော် ၂ ဇူလိုင်
    

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပသည်။ 


အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက် ကြည့်ရှုအားပေးကြသည်။ 

 

1


    

အမျိုးသား(၂)ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းအား (၂:ဝ)၊ ကချင်ပြည်နယ်အသင်းမှ စစ်ကိုင်းတိုင်းဒေသကြီး အသင်းအား (၂:၁)၊  တတိယလုပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား (၂:၁)၊ ဗိုလ်လုပွဲအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းမှ ကချင်ပြည်နယ်အသင်းအား (၂:ဝ) အနိုင်ရဗိုလ်စွဲသွာ သည်။
    

အမျိုးသမီး(၂)ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲအဖြစ် ကရင်ပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီး အသင်းအား (၂:၁)၊ မကွေးတိုင်းဒေသကြီးအသင်းမှ တနင်္သာရီတိုင်းဒေသကြီးအသင်းအား (၂:ဝ)၊  တတိယလုပွဲအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းမှ တနင်္သာရီတိုင်းဒေသကြီး အသင်းအား (၂:ဝ)၊ ဗိုလ်လုပွဲအဖြစ် မကွေးတိုင်းဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းအား (၂:၁) အနိုင်ရဗိုလ်စွဲသွားသည်။
    

ထို့နောက် အမျိုးသား/အမျိုးသမီး (၃)ယောက်တွဲပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရသည်။
    

အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၃ ရက် ပြိုင်ပွဲများအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)တွင် နံနက် (၉)နာရီမှစ၍ အမျိုးသား/အမျိုးသမီး (၃)ယောက်တွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရသည်။


သတင်းစဉ်

 

1