တောင်ကြီး    ၂၆  ဖေဖော်ဝါရီ 


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့ နံနက် ၉ နာရီက ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား မိဘများနှင့်အတူ ဝင်ခွင့်ကတ်များ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။


အဆိုပါ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိ ကျား (၂၄၅)ဦး၊ မ (၄၅၃)ဦး၊ စုစုပေါင်း (၆၉၈)ဦး ရှိသည့်အနက် ဇီဝဗေဒ အတွဲ (၇) အတန်းဖြေ ကျား (၈၈)ဦး၊ မ (၁၅၈)ဦး၊ အလွတ်ဖြေ ကျား (၁၉)ဦး၊ မ (၁၈)ဦး၊ ပြင်ပဖြေ ကျား (၁)ဦး၊ စုစုပေါင်း (၂၈၄)ဦး၊ ဝိဇ္ဇာဘာသာ အတွဲ(၁)တွင် အတန်းဖြေ ကျား (၁၃၇)ဦး၊ မ (၂၇၇)ဦး၊ စုစုပေါင်း (၄၁၄)ဦးရှိပြီး အ.ထ.က (၁)တောင်ကြီး၊ အ.ထ.က (ဖာမွန်း)၊ အ.ထ.က (ခွဲ) နမ့်ဆီး၊ အ.ထ.က (ခွဲ) လ(၁၀)၊ အတွင်းဖြေ/ ပြင်ပ ဖြေနှင့် ဝင်ရောက်ဖြေဆို၍ ပျက်ကွက်(၃)ဦး၊ ကျား (၂)ဦး၊ မ (၁)ဦးရှိကာ ၎င်း (၃)ဦးသည် ကျန်းမာရေး အခြေအနေ ကြောင့် ဝင်ရာက်ဖြေဆိုမည် မဟုတ်ကြောင်း တာဝန်ရှိသူ ဆရာမတစ်ဦးထံမှ သိရသည်။


မောင်မောင်သန်း (တောင်ကြီး)