နေပြည်တော်  ၂၇  စက်တင်ဘာ

 

၂၀၁၉ ခုနစ် တရုတ်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အောင်သပြေရုပ်ရှင်ရုံ၌ ကျင်းပသည်။

 

တရုတ်ရုပ်ရှင်ပွဲတော်ကို  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှ ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် သတင်း နှင့်စာနယ်ဇင်းလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က အမှာစကားပြောကြားသည်။

 

1k

2k

3k

 

ယင်းနောက် ဒုတိယဝန်ကြီးဦးအောင်လှထွန်းက  အမှာစကားပြောကြားသည်။

 

4k

4g

6j

 

ထို့နောက် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်   ကျောင်းအားကစားနည်းပြ ဆရာမတစ်ဦးမှ လီတိုင်းရင်းသူ မိန်းကလေးဘောလုံးအသင်းဖွဲ့စည်းနိုင်ရန် ကြိုးပမ်းမှု ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားသည့် " လေပွေအမျိုးသမီးဘောလုံးအသင်း " တရုတ်ရုပ်ရှင် ဇာတ်ကားကို ပြသသည်။

 

7jd

tjd

 

၂၀၁၉ ခုနစ် တရုတ်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၂၆ မှ အောက်တိုဘာ ရက် အထိ နေပြည်တော်ရှိ အောင်သပြေရုပ်ရှင်ရုံ၊ ရန်ကုန်မြို့တွင် Junction City ရှိ JCGV  ဂမုန်းပွင့်ရှိ မင်္ဂလာရုပ်ရှင်ရုံ၊ မန္တလေးမြို့ Central Point ရှိ မင်္ဂလာရုပ်ရှင်ရုံ နှင့် လားရှိုး မြို့ရှိ သီတာအေး ရုပ်ရှင်ရုံများ၌ ယခင်နှစ်များထက် ရသပိုမိုစုံလင်သည့် ရုပ်ရှင်ဇာတ် ကားကောင်းများကို မြန်မာစကားပြောဖြင့် ပရိတ်သတ် ကြည့်ရှုခံစားနိုင်ရန် အခမဲ့ ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)