နေပြည်တော် ၁၆ အောက်တိုဘာ

 

၂၀၁၉ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံဘောလုံး (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း (၁/၃)တို့၌ ယှဉ်ပြိုင်ကစားကြသည်။

 

ယနေ့ပွဲစဉ်များအဖြစ်    ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း (၁)တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းအသင်းမှ (၃)ဂိုး (၂)ဂိုးဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း (၃)တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ်(၉၀)တွင် တစ်ဘက်(၃)ဂိုးစီသရေကျနေပါသဖြင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေကျနေသောကြောင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၆)ဂိုး (၅) ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိသည်။

 

1

 

အောက်တိုဘာ ၁၇ ရက် ညနေ(၃)နာရီတွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း(၁)တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၃)တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် နေပြည်တော်စည်ပင်အသင်းတို့သည်လည်းကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်

 

1