ခါတွန် ၁၄ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ်ဟာ ဆူဒန်နိုင်ငံတွက် ငြိမ်းချမ်းရေး ကာလဖြစ်ရမည်ဟု ဆူဒန်သမ္မတ အိုမာအယ်လ် ဘာရှား က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
“ ၂၀၁၉ ခုနှစ်ဟာ ငြိမ်းချမ်းရေးကာလဖြစ်ပြီး သေနတ်သံတွေ တိတ်ဆိတ်နေရလိမ့်မယ်” ဟု ခါတွန်မှာ ကျင်းပခဲ့သည့် လူထု ကာကွယ်ရေးတပ်ဖွဲ့ အခမ်းအနားမှာ ပြောကြားခဲ့ခြင်း ဖြစ်သည်။
သမ္မတ အိုမာအယ်လ် ဘာရှာဟာ အစိုးရအဖွဲ့ကို လူငယ်တွေနဲ့ ပြန်လည်ဖွဲ့စည်းခဲ့ခြင်းကိုလည်း “အပြုသဘောဆောင်တဲ့ စွမ်းရည်တွေပါတယ်။ သူတို့က ဆူဒန်ရဲ့ အနာဂတ်ပဲ။ ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် နည်းလမ်းတွေ ရှာဖွေသွားမယ်။ ” ဟု ၎င်းကပြောသည်။ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခန်းမဏ္ဍဟာလည်း ပျောက်ကွယ်သွားမှာ မဟုတ်ကြောင်းနှင့် လူထုကာကွယ်ရေးတပ်ဖွဲ့ဟာ ဆူဒန်ပြည်သူများ အမျိုးသားရေးနှင့် လူမှုအဖွဲ့အစည်းအတွက် တာဝန်ထမ်းဆောင်သွားနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆူဒန်လူထု ကာကွယ်ရေးအဖွဲ့ကို ၁၉၈၉ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ဆူဒန် တပ်မတော်၏ အစိတ်အပိုင်း အဖြစ် ရှိသည်။ ယင်းလက်နက်ကိုင်အဖွဲ့တွင် ထောင်ချီသော ဆူဒန်ပြည်သူတွေက ဗော်လန်တီယာ တပ်ဖွဲ့ဝင်တွေ အဖြစ် ဝင်ရောက်ကြပါသည်။
SMZaw( MDN)
Source> Xinhua