မုံရွာ ၅ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားဇုန်(၆)ခုရှိ ဟိုတယ်ကြီးများတွင် ၂၀၁၉ ခုနှစ်အတွင်း၌ ပြည်တွင်း/ပြည်ပခရီးသွား ၂၂၀၆၂၁ ဦးထိရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ ခန္တီး၊ ကလေး၊ မုံရွာ စသည့်ခရီးသွားဇုန် (၆)ခုရှိ ဟိုတယ်(၄၆)လုံးတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ တည်းခိုမှုအနေဖြင့် ပြည်တွင်းခရီးသွား ၁၉၂၀၇၃ ဦးနှင့် ပြည်ခရီးသွား ၂၈၅၄၈ ဦးတို့ ဝင်ရောက်တည်းခိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသွားဇုန် (၆)ခု၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ပြည်တွင်းခရီးသွား ၁၅၅၇၆ ဦး၊ ပြည်ပခရီးသွား ၃၈၃၆ ဦး၊ ဖေဖော်ဝါရီလတွင် ပြည်တွင်းခရီးသွား ၁၄၅၉၇ ဦး၊ ပြည်ပခရီးသွား ၃၅၆၄ ဦး၊ မတ်လတွင် ပြည်တွင်းခရီးသွား ၁၆၁၃၀ ဦး၊ ပြည်ပခရီးသွား ၂၉၉၄ ဦး၊ ဧပြီလတွင် ပြည်တွင်းခရီးသွား ၁၅၀၁၉ ဦး၊ ပြည်ပခရီးသွား ၁၃၇၄ ဦး၊ မေလတွင် ပြည်တွင်းခရီးသွား ၁၄၆၁၈ ဦး၊ ပြည်ပခရီးသွား ၁၄၈၉ ဦး၊ ဇွန်လတွင် ပြည်တွင်းခရီးသွား ၁၃၆၁၆ ဦး၊ ပြည်ပခရီးသွား ၁၀၅၈ ဦးတို့ ဝင်ရောက်တည်းခိုခဲ့သည်။

ထို့အပြင် ဇူလိုင်လတွင် ပြည်တွင်းခရီးသွား ၁၆၇၉၀ ဦး၊ ပြည်ပခရီးသွား ၁၄၅၉ ဦး၊ သြဂုတ်လတွင် ပြည်တွင်းခရီးသွား ၁၄၅၇၉ ဦး၊ ပြည်ပခရီးသွား ၁၉၁၃ ဦး၊ စက်တင်ဘာလတွင် ပြည်တွင်းခရီးသွား ၁၅၄၉၉ ဦး၊ ပြည်ပခရီးသွား ၁၆၂၄ ဦး၊ အောက်တိုဘာလတွင် ပြည်တွင်းခရီးသွား ၁၉၂၄၅ ဦး၊ ပြည်ပခရီးသွား ၂၄၀၁ ဦး၊ နိုဝင်ဘာလတွင် ပြည်တွင်းခရီးသွား ၁၈၁၄၀ ဦး၊ ပြည်ပခရီးသွား ၃၉၃၆ ဦးနှင့် ဒီဇင်ဘာလတွင် ပြည်တွင်းခရီးသွား ၁၈၂၇၀ ဦး၊ ပြည်ပခရီးသွား ၂၉၀၀ ဦး တို့ဝင်ရောက်တည်းခိုခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)