မန္တလေး ၉ ဇန်နဝါရီ

 

၂၀၁၉ခုနှစ်အတွင်း မန္တလေးခရိုင် ခုနှစ်မြို့နယ်တွင် မီးလောင်မှုပေါင်း(၈၈)ကြိမ် ဖြစ်ပွားခဲ့ပြီး တန်ဖိုးငွေကျပ် သန်း(၂၂၀) နီးပါး ဆုံးရှုံးခဲ့ရကြောင်းမန္တလေးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

523

 

မန္တလေးခရိုင်အတွင်း မြို့နယ်(၇)မြို့နယ်ဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်မှာ မီးလောင်မှု(၆)ကြိမ်၊ အောင်မြေ သာစံမြို့နယ်မှာ (၁၃)ကြိမ်၊ မဟာအောင်မြေမြို့နယ်မှာ(၁၆)ကြိမ်၊ ချမ်းမြသာစည် မြို့နယ်မှာ (၁၂)ကြိမ်၊ ပြည်ကြီးတံခွန်မြို့နယ်မှာ (၁၃)ကြိမ်၊ အမရပူရမြို့နယ်မှာ(၁၃)ကြိမ်၊ ပုသိမ်ကြီး မြို့နယ်မှာ (၁၅)ကြိမ်ဖြစ်ပွားခဲ့သည် ။

 

4556320

 

" ပေါ့ဆမီးပေါ့ ၊ ပေါ့ဆမီးထဲမှာမှ လျှပ်စစ်ကြောင့်ဖြစ်တာများတယ်။ အရင်ကတည်းက စစ်တမ်းအရ မီးလောင်မှု ဖြစ်ပွားရင် လျှပ်စစ်မီးကြောင့် ဖြစ်ပွားမှုနူန်းများပါတယ်ဟု  မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောသည် ။

 

မန္တလေးခရိုင်အတွင်းတွင် ၂၀၁၈ ခုနှစ်အတွင်းတွင် မီးလောင်မှု (၈၅)ကြိမ် နှင့် ၂၀၁၉ ခုနှစ်တွင် မီးလောင်မှု (၈၈)ကြိမ် ဖြစ်ပွားခဲ့သည် ။

 

သူရိန်လင်း