ဂျီနီဗာ ၂၂ ဧပြီ 

 

ဧပြီ ၂၂ ရက်တွင် ကျရောက်မည့် မြေကမ္ဘာနေ့ (ကမ္ဘာလုံးဆိုင်ရာနေ့)တွင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှ လူပေါင်း တစ်သန်းကျော် ပါဝင်လှုပ်ရှားမည်ဟု ခန့်မှန်းထားသည်။ ၂၀၁၉ ခုနှစ် မြေကမ္ဘာနေ့အထိမ်းအမှတ်အဖြစ်နှင့် ပြည်သူများဘက်မှ ချီတက်ပွဲများ၊ သစ်ပင်စိုက်ပျိုးမှုများ၊ မြို့များ၊  ဥယျာဉ်များ၊  ကမ်းခြေများနှင့် ရေစီးရေလာ ကောင်းမွန်မှုများနှင့် သန့်ရှင်းရေးများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံရေးသမားများ ဘက်မှ   ကမ္ဘာမြေကြီး   ရေရှည်တည်တံ့ခိုင်မြဲရေးကို ဦးတည်ဆောင်ရွက်နိုင်မည့်မူဝါဒများ ဟစ်ကြွေးကြမည် ဖြစ်ကြောင်း သိရသည်။

 

၂၀၁၉  မြေကမ္ဘာနေ့ လှုပ်ရှားမှုဆောင်ပုဒ်မှာ  မျိုးစိတ်များကို  ကာကွယ်စို့ဟူသည့်  ဆောင်ပုဒ်ဖြစ်သည်။ သဘာဝအလျောက်ဖြစ်မှုထက် လူများ၏လုပ်ဆောင်မှုကြောင့် အစုလိုက် အပြုံလိုက် ကွယ်ပျောက်ပျက်သုဉ်းမှု များ ပိုမိုဖြစ်ပွားလာကြောင်း၊ ကံကောင်းသည်မှာ  ယင်းကွယ်ပျောက်ပျက်သုဉ်းမှုများကို နှောင့်နှေးသွားအောင် လုပ်ဆောင်နိုင်ကြောင်း    မြေကမ္ဘာနေ့ ကွန်ရက်ခေါင်း ဆောင်  ကက်သလင်းရော်ဂျာက ပြောသည်။

 

စားသုံးသူများ၊ မဲဆန္ဒရှင်များ၊ ဆရာများ၊ ဘာသာ ရေးခေါင်းဆောင်များ၊  သိပ္ပံပညာရှင်များ စသည်တို့က တညီတညွတ်တည်းပေါင်းစုပြီး ကမ္ဘာတစ်လွှား ကမ္ဘာမြေ ကာကွယ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေကို  အတူတကွ လုပ်ဆောင်နိုင်ခဲ့မည်ဆိုပါက မျိုးသုဉ်းပျောက်ကွယ်လု နီးပါးဖြစ်နေသည့် မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက် ခံနေရသည့် မျိုးစိတ်များကို ပြန်လည်ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း  မြေကမ္ဘာနေ့ ကွန်ရက်အကြီးအကဲက ပြော သည်။

 

မြေကမ္ဘာနေ့ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေကို  ပိုပြီးသိရှိလာအောင် ဆောင်ရွက် မှုဖြစ်သည်။        

 

                                     
အေအက်ဖ်ပီ