နေပြည်တော် ၁၁ ဖေဖော်ဝါရီ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော (2019 Novel Coronavirus) ကြောင့် ဖြစ်ပွားသောရောဂါနှင့် ပတ်သက်၍ အသိပေးဆွေးနွေးဟောပြောပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမနှင့် သတ္တုရေးရာသီရိရတနာခန်းမတို့၌ ယနေ့ မွန်းလွဲပိုင်းက အသီးသီးပြုလုပ်သည်။

အဆိုပါ အသိပေးဆွေးနွေးဟောပြောပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ မျိုးစုကြည်က 2019 Novel Coronavirus ရောဂါနှင့် ပတ်သက်၍ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါက္ခဏာများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာဆင့်ပွား ဖြန့်ဝေနိုင်ရန်တို့ကို အသိပေးဆွေးနွေးဟောပြောသည်။

 

13

 

ဆွေးနွေးဟောပြောပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာမှ ဝန်ထမ်းများ၊  သတ္တုရေးရာမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်