ပုလော ၂ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် သြဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးနစ်မြုပ်ခဲ့သော လယ်ဧကများ ပြန်လည်စိုက်ပျိုးရန်အတွက် မျိုးပါးပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကင်းရှိန်က အဖွင့်အမှာ စကားပြောကြားပြီး ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က ရေကြီးနစ်မြုပ်ခဲ့သော လယ်ဧက များအပေါ်တွင် မျိုးစပါးများ ပြန်လည်စိုက်ပျိုးရန် တောင်သူလယ်သမားအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးအေးဝင်းက ရေကြီးနစ်မြုပ်ခဲ့သော လယ်ယာမြေ(၁၃၅၇)ဧကအတွက် နိုင်ငံတော်မှထောက်ပံ့သည့် မျိုးစပါး တင်း ၁၀ဝ၀ အား ကျေးရွာအုပ်စု (၁၁)စု အပေါ် မျိုးစပါးခွဲဝေပေးမှုများကို ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာအုပ်စု(၁၁)အုပ်စုအတွက် မျိုးစပါးများကို လွတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူ လယ်သမားများအား ပေးအပ် ခဲ့သည်။
ထူးဝေယံ(ပြန်/ဆက်)


