ပန်းဘဲတန်း  ၁၅    အောက်တိုဘာ

 

၂၀၁၉ခုနှစ် နိုင်ငံတကာမျက်မမြင် လမ်းလျှောက်တုတ်နေ့အထိမ်းအမှတ်(၂၈)ကြိမ်မြောက် ရန်ကုန်  မျက်မမြင် လမ်းလျှောက်ပြိုင်ပွဲကို (၁၅.၁၀.၂၀၁၉)ရက် အင်္ဂါနေ့ နံနက်(၆)နာရီ အချိန်တွင်ကျင်းပရာ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလလမ်းစင်မြင့်ပေါ်မှ ဥက္ကဌ(မြို့တော်ဝန်) ဦးမောင်မောင်စိုးက သေနတ်ပစ်ဖောက် တာလွှတ်ပေးပြီး ကော်မတီဝင်များနှင့်အတူ လမ်းလျှောက်ပွဲ ပါဝင်ကြသည့် မျက်မမြင်များအား အားပေး ချီးမြှင့်သည့်အနေဖြင့် ပါဝင်လမ်းလျှောက်ကြသည်။

 

ထိုသို့လမ်းလျှောက်ရာတွင် မဟာဗန္ဓုလလမ်း၊ ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ဘုန်းကြီးလမ်းတလျှောက် လမ်းလျှောက်ခဲ့ပြီး လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့ကြသည့် မျက်မမြင်ကျောင်းသား၊ ကျောင်းသူလေးများ၊ မျက်မမြင်ပြည်သူများကို ဌာနဆိုင်ရာများ၊ လုပ်သားပြည်သူများက  သောင်းသောင်း ဖြဖြ အားပေးကြိုဆိုခဲ့သည်။

 

 

နေခြည်(ပြန်ဆက်)