နေပြည်တော် ၃၁ ဇူလိုင်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော် လယ်ဝေးအားကစားကွင်း ဂျူဒိုခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအေးကြည်နှင့် ဦးအောင်ဇော်ထွန်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တက်ရောက် ကြည့်ရှုခဲ့ကြသည်။
ယနေ့နံနက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(-၆၆)ကီလိုတန်း၊ အမျိုးသမိး(-၅၂)ကီလိုတန်း၊ အမျိုးသား (-၇၃)ကီလိုတန်း၊ အမျိုးသမီး(-၄၅)ကီလိုတန်း၊ အမျိုးသမီး (-၄၀)ကီလိုတန်း၊ အမျိုးသား (-၅၀) ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အသင်း (၁၄) သင်း၊ အမျိုးသားပြိုင်ပွဲဝင်အသင်း (၁၄) သင်း၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်း (၁၄) သင်း၊ အမျိုးသားပြိုင်ပွဲဝင် အားကစားဦးရေ (၈၇)ဦး၊ အမျိုးသမီးပြိုင်ပွဲ အားကစားသမားဦးရေ (၇၆)ဦး၊ စုစုပေါင်း အားကစားသမားဦးရေ (၁၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲကို ဩဂုတ် ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကို စိတ်ပါဝင်စားသူများအနေဖြင့် နေပြည်တော် လယ်ဝေး အားကစားကွင်း ဂျူဒိုအားကစားခန်းမတွင်လာရောက် ကြည့်ရူနိုင်ပါကြောင်း သိရသည်။
(သတင်းစဉ်)