မန္တလေး ၁၈ နိုဝင်ဘာ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ကျပ်သန်း ၉၀၀၀ ကျော် အသုံးပြု၍ စာသင်ကျောင်း ၂၁၆ ကျောင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးက သိရသည်။
ကျောင်းများဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါများ ခေါ်ယူပြီးစီးထားပြီး စစ်ဆေးမှုများပြုလုပ်ကာ ဒီဇင်ဘာလတွင် နောက်ဆုံးစာချုပ်ချုပ်ဆိုနိုင်ရန် လုပ်ဆောင်နေသည်ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ကြယ်က ပြောသည်။
“ဒါဟာ လွှတ်တော်တွင်း ကတိကဝတ်ပြုခဲ့တာတွေ၊ လူကြီးခရီးစဉ်တွေမှာ ပြည်သူ့လိုအပ်ချက်တွေကို ဖြည့်တင်းပေးတာလဲ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ဆောက်လုပ်ပေးသွားမည့် ကျောင်းအရေအတွက်နှင့် မြို့နယ်များမှာ အောင်မြေသာစံမြို့နယ် ၃ ကျောင်း၊ ချမ်းအေးသာစံမြို့နယ် ၄ ကျောင်း၊ မဟာအောင်မြေမြို့နယ် ၄ ကျောင်း၊ ချမ်းမြသာစည်မြို့နယ် ၁ ကျောင်း၊ ပုသိမ်ကြီးမြို့နယ် ၇ ကျောင်း၊ အမရပူရမြို့နယ် ၄ ကျောင်း၊ ပြင်ဦးလွင်မြို့နယ် ၂ ကျောင်း၊ မတ္တရာမြို့နယ် ၆ ကျောင်း၊ စဉ့်ကူးမြို့နယ် ၁၀ ကျောင်း၊ သပိတ်ကျင်းမြို့နယ် ၆ ကျောင်း၊ မိုးကုတ်မြို့နယ် ၄ ကျောင်း၊ ကျောက်ဆည်မြို့နယ် ၉ ကျောင်း၊ စဉ့်ကိုင်မြို့နယ် ၆ ကျောင်း၊ တံတားဦးမြို့နယ် ၃ ကျောင်း၊ မြစ်သားမြို့နယ် ၆ ကျောင်း၊ မြင်းခြံမြို့နယ် ၁၇ ကျောင်း၊ နွားထိုးကြီးမြို့နယ် ၁၅ ကျောင်း၊ တောင်သာမြို့နယ် ၃ ကျောင်း၊ ငါန်းဇွန်မြို့နယ် ၆ ကျောင်း၊ ညောင်ဦးမြို့နယ် ၅ ကျောင်း၊ ကျောက်ပန်းတောင်းမြို့နယ် ၁၆ ကျောင်း၊ မိတ္ထီလာမြို့နယ် ၂၃ ကျောင်း၊ မလှိုင်မြို့နယ် ၆ ကျောင်း၊ ဝမ်းတွင်းမြို့နယ် ၁၃ ကျောင်း၊ သာစည်မြို့နယ် ၁၄ ကျောင်း၊ ရမည်းသင်းမြို့နယ် ၇ ကျောင်း၊ ပျော်ဘွယ်မြို့နယ် ၁၆ ကျောင်းတို့ဖြစ်ကြောင်း သိရသည်။
ဖြိုးအိ


