ထီးလင်း ၁၄ အောက်တိုဘာ

 

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း (၁၀)ခု လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများမှာ ထီးလင်းမြို့နယ် ဆေးမင်းတောကျေးရွာ(၆× ၃၀)ပေ လက်တူးတွင်း တူးဖော်ခြင်း၊ ဂါလန်(၅၀၀၀)ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ (၅ ××၇) ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ၂ လက်မ PVC ပေ ၆၀၀၀ ရေပိုက်လိုင်းသွယ်ခြင်း၊ တောမ ကျေးရွာ (၆×၃၀)ပေ လက်တူးတွင်း တူးဖော်ခြင်း၊ ဂါလန်(၅၀၀၀)ဆံ့ အုတ်ရေကန် တည် ဆောက်ခြင်း၊ (၁၀××၈)ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ အင်ဂျင်+ပန့်+ရေပိုက်လိုင်း (၂ လက်မ PVC ပေ ၄၅၀၀) သွယ်တန်းခြင်း၊ မြောင်းကြီးကျေးရွာ (၁၀၀×၁၀၀×၆)ပေရှိ မြေသားရေကန် တူးဖော်ခြင်း၊ ငှက်ပျင်းကျေးရွာ (၁၃၅၀၀၀)ကုဗပေရှိ မြေသားရေကန် တိုးချဲ့တည်ဆောက်ခြင်း၊ မြစ်ကိုင်း ကျေးရွာ (၁၀၀×၁၀၀×၆)ပေရှိ မြေသားရေကန် တူးဖော်ခြင်း၊ လောင်းဘိုကြီးကျေးရွာ (၁၃၅၀၀၀)ကုဗပေရှိ မြေသားရေကန် တိုးချဲ့တည်ဆောက်ခြင်း၊ စို့ပြားကျေးရွာ(၁၀၀×၁၀၀×၆) ပေရှိ မြေသားရေကန် တူးဖော်ခြင်း စသည့် ကျေးလက်ရေပေးဝေရေးလုပ်ငန်း(၇)ခုကို လည်းကောင်း၊

 

ထန်းပင်ကုန်းကျေးရွာ (၁/၃ မိုင် ×၁၂ပေ ×၀-၉)လက်မ မြေနီကျောက်စရစ် ခင်းခြင်း၊ (၁၅×၁၄×၆)ပေရှိ ကွန်ကရစ်တံတား(၁)စင်း၊ သရခါကျေးရွာ(၀/၃ မိုင် ×၁၂ပေ×၀-၉) လက်မ မြေနီကျောက်စရစ်ခင်းခြင်း၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး (၅၀ ပေ × ၁ ပေ - ၆ လက်မ × ၁၂ ပေ) ရှိ ကျောက်ကြီးစီ မြေထိန်းနံရံ တည်ဆောက်ခြင်း စသည့်လုပ်ငန်း(၃)ခုကို လည်းကောင်း လျာထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။

 

အောင်စည်(ပြန်/ဆက်)