နေပြည်တော် ၂၉ ဇန်နဝါရီ

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ကော်မတီ တွဲဖက်အတွင်းရေးမှူး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ တင်ဒါစည်းကမ်းချက်များနှင့် တင်ဒါစည်းကမ်းဖောက်ဖျက်ပါက အရေးယူနိုင်မည့်နည်းလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အရည်အသွေးစစ်ဆေးရေး အဖွဲ့ခေါင်းဆောင်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က အရည်အသွေး စစ်ဆေးတွေ့ရှိချက်များနှင့် သုံးသပ်ချက်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက်  ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်ကြီး၊ မြန်မာနိုင်ငံ  ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းဟန်၊ အထက်မြန်မာပြည် ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းစိုးနှင့် လုပ်ငန်းရှင်များက ကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီစွာ အချိန်မီရောက်ရှိရေး၊ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ တင်ဒါ စည်းမျဉ်း စည်းကမ်းများနှင့် စာချုပ်ပါကတိကဝတ်များ လိုက်နာရေးဆိုင်ရာ ကိစ္စရပ်များနှင့် တင်ဒါအောင်မြင်သည့် ဒုတိယနှင့် တတိယလုပ်ငန်းရှင်များအား တင်ဒါစည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ငန်းဆက်လက်အပ်နှံခြင်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် စာချုပ်ပါ ကတိကဝတ်ဆိုင်ရာများ၊ ကျောင်းသုံးစာအုပ်များ အချိန်မီ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။  

 

သတင်းစဉ်