၂၀၂၀ အာရှ ယူ - ၂၃ ခြေစစ်ပွဲတွင် မြန်မာအသင်းက အရှေ့တီမောအသင်းကို ဂိုးပြတ်အနိုင်ရ

ရန်ကုန် ၂၂ မတ်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၀ အာရှ ယူ - ၂၃ ခြေစစ်ပွဲ အုပ်စု (I) အဖွင့်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အရှေ့တီမောအသင်းတို့ ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ခုနစ်ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် ဒုတိယပွဲစဉ်အဖြစ် မတ်လ ၂၄ ရက်တွင် မကာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

MDN
ဓာတ်ပုံ - MFF