လှိုင်းဘွဲ     ၂     အောက်တိုဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကာလတွင် မဲရုံအသီးသီး၌ မဲလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ သင်တန်းဖွင့်ပွဲကို ယမန်နေ့က  အလက(၂)ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

 

အဆိုပါသင်တန်းဖွင့်ပွဲတွင် လှိုင်းဘွဲမြို့နယ်မှူး ရဲမှူး ဆန်းဦးက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈  ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန် ရည်ရွယ်၍ ရဲကျင့်ဝတ်ဘာသာရပ်၊ ဉပဒေ နည်းဉပဒေများနှင့်အညီ လိုက်နာဆောင်ရွက်တတ်စေရန် အထူးရဲသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

သင်တန်းကို အထူးရဲတပ်ဖွဲ့များဝင်များ၏ သိရှိလိုက်နာရမည့် ဉပဒေ၊ နည်းဉပဒေ စည်းကမ်းများ၊ အမိန့်နှင့်ညွန်ကြားချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဉပဒေများကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းနည်းပြ ၂၀ နှင့် အထူးရဲတပ်ဖွဲ့ (၈၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)