မန္တလေး ၈ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးမြို့ရှိမဲရုံများတွင် ဆန္ဒမဲများ စတင်ပေးနေကြပြီ ဖြစ်သည်။
ဆန္ဒမဲပေးဖို့အတွက် မနက် ၅ နာရီကတည်းက စောင့်ဆိုင်းနေကြသူများလည်း ရှိကြသည်။
"မဲပေးဖို့ မနက် ၅ နာရီကတည်းက စောင့်နေတာပါ၊ စိတ်လှုပ်ရှားလို့ မနေ့ကတည်းက အိပ်တောင် မပျော်ဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ မဲပေးခွင့်ရလို ဝမ်းသာပါတယ်"ဟု သင်ပန်းကုန်း ရပ်ကွက်က ပထမဆုံးမဲပေးခွင့်ရသူ မဲဆန္ဒရှင် မဖူးငုံဆန်းလွင်ကပြောသည်။
မန္တလေးမြို့ရှိ မဲရုံအချို့မှာ ဆန္ဒမဲပေးဖို့ စောင်းဆိုင်းနေသူများမှာ ရာချီပြီး ရှိနေသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဆန္ဒမဲပေးခွင့်ဦး ရေ ၄၆ သိန်းကျော်ထိရှိခဲ့ပြီး မဲရုံအရေအတွက် ၅၄၄၈ ရုံ ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲမှ သိရသည်။
မေသက်ထား


