နေပြည်တော် ၂၉ ဇူလိုင်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာဆင်းရဲမှု လျော့ချရေးဗဟိုဌာန (IPRCC) က ဦးဆောင်ကျင်းပသည့် the 2020 Extraordinary ASEAN-China Social Development and Poverty Eradication Forum ကို ယနေ့ နံနက် ၈ နာရီခွဲက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် Leading Group Office of Poverty Alleviation and Development (LGOP) မှ Director General Ms.Su Guoxia နှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် H.E. Kung Phoak တို့က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနိုင်များမှ အဆင့်မြင့်အရာရှိကြီးများက ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံအလိုက် တုံ့ပြန်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားကြသည်။
ထို့နောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ (SOMRDPE) အလှည့်ကျ ဥက္ကဋ္ဌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှု အခြေအနေများနှင့် ဆင်းရဲမှုလျော့ချရေး အတွေ့အကြုံများနှင့် COVID-19 Economic Relief Plan (CERP) ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးပြီး SOMRDPE Myanmar အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း Cash for Work Program နှင့် Village Revolving Fund Program များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ Program များဆောင်ရွက်ခြင်းဖြင့် COVID-19 ကြောင့် ထိခိုက်နစ်နာသူများအား အကျိူးခံစားရစေမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် China- ASEAN Center ၊ UNDP ၊ UNICEF ၊ FAO ၊ IFAD ၊ WFP ၊ World Bank နှင့် Asian Development Bank(ADB) မှ ကိုယ်စားလှယ်များက 2020 Extraordinary ASEAN-China Social Development and Poverty Eradication Forum ကို ဝင်ရောက်ဆွေးနွေးပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံ Ministry of Rural Development မှ Secretary of State H.E Chivoan SAO နှင့် တရုတ်နိုင်ငံ International Poverty Reduction Center in China (IPRCC)မှ Deputy Director General Dr. TAN Weiping တို့က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါ 2020 Extraordinary ASEAN-China Social Development and Poverty Eradication Forum ကို အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ LGOP ၊ IPRRC နှင့် the Mission of P.R China to ASEAN မှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံတကာ အဖွဲ့စည်းများဖြစ်သည့် China- ASEAN Center ၊ UNDP ၊ UNICEF ၊ FAO ၊ IFAD ၊ WFP ၊ World Bank နှင့် Asian Development Bank (ADB) မှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၅ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
