မင်းဘူး ၉   အောက်တိုဘာ     

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်ဘူး(စကု)မြို့နယ်ရှိ  မန်ရွှေစက်တော်ဘုရားပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ရာ ဘုရားပွဲတော်မတိုင်မီ ဓာတ် လှေကား(၂)စင်းနှင့် စက်လှေကား(၁)စင်း တည်ဆောက်သွားမည်ဖြစ်ပါကြောင်း မန်းရွှေစက်တော် ဘုရား ဂေါပကအဖွဲ့ရုံး ဉက္ကဌ ထံမှ သိရသည်။ 

 

အဆိုပါ ဓာတ်လှေကား(၂)စင်းနှင့် စက်လှေကား(၁)စင်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မင်းဘူးခရိုင်လုပ်ငန်းကော်မတီ နှင့် မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်မှာဖြစ်ပြီး၊ ဓာတ်လှေကား အတက်/အဆင်း (၂)စင်းကို အောက်စက်တော်ရာမှ ကိုးခန်းကြီးဘုရားအထိ တပ်ဆင်မည်ဖြစ်ပြီး စက်လှေကား(၁)စင်းကို ကိုးခန်းကြီး ဘုရားမှ အထက်စက်တော်ရာထိ တပ်ဆင်သွားရန် စီစဉ်နေကြောင်း သိရသည်။

 

ယခုနှစ် “ဘုရားပွဲတော်အမီ ဓာတ်လှေကား(၂)စင်းနှင့် စက်လှေကား(၁)စင်းတို့ကို အသုံး ပြုခွင့်ရအောင် ဆောင်ရွက်နေသည့်အတွက် ပါဝင်လှူဒါန်းလိုသူများအနေဖြင့်   အသင်းအဖွဲ့ အနေဖြင့်လည်းကောင်း တစ်ဉီးခြင်းအနေဖြင့် လည်းကောင်း ပါဝင်လှူဒါန်းနိုင်ပါကြောင်း သိရှိရသည်။  ပါဝင်လှူဒါန်းလိုပါက မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ရုံး ဖုန်း ဝ၆၅-၂၁၁၈၉၊  မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဉက္ကဌ  ဝ၉-၄၀၁၆၄၄၂၈၈ သို့ ဆက်သွယ် မေးမြန်းစုံစမ်း လှူဒါန်းနိုင်ပါကြောင်း  မန်းစက်တော်ရာ ဘုရားဂေါပကအဖွဲ့ရုံးဉက္ကဌ ဉီးအောင်သိန်း ထံမှ သိရ သည်။

 

အဆိုပါ မန်းရွေစက်တော်ဘုရားပွဲတော်ကို  နှစ်စဉ် ခရစ်နှစ် ဖေဖော်ဝါရီလမှ ဧပြီလထိ (မြန်မာသက္ကရာဇ် တပို့တွဲ လဆန်း(၅)ရက်နေ့မှ နှစ်ဆန်း(၁) )နေ့ထိ ကျင်းပလေ့ရှိပြီး၊ ၂၀၂၀ ခုနှစ် သည် ဝါထပ်သည့်နှစ် ဖြစ်သည့်အတွက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှ စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)