လဟယ် ၁၇ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၌ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အတွင်း ရိုးရာပစ္စည်းများရောင်ချနိုင်ရန် နာဂ ဦးစီးအဖွဲ့မှ ဆိုင်ခန်းများ အခမဲ့မဲဖောက်ပေးခြင်းကို ယမန်နေ့ မွန်းလွန် ၃ နာရီက လဟယ်မြို့ ရိုးရာကွင်း၌ မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

 

520/852

 

နာဂဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးရိထင်က ချမှတ်ထားသော စည်းကမ်းချက်များ၊ အခမဲ့ မဲဖောက်ပေးရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ နာဂရိုးရာအသုံးအဆောင်ပစ္စည်းများ ပြည်တွင်း ပြည်ပထိ   ဈေးကွက်ဝင်လာနိုင်အောင် အဆင့်မြှင့်တင်လာစေရေးနှင့် ရိုးရာအသုံးအဆောင် ပစ္စည်းများအား လူသိများလာစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဆိုင်ခန်းများလျှောက်ထားသူ (၁၂)ဦးထဲမှ (၅)ဦးကို မဲဖောက်ပေးခဲ့ကြောင်းနှင့် ဆိုင်ခန်း နေရာများမှာ ပေ (၂၀) ပတ်လည်ဖြစ်ပြီး ရိုးရာပစ္စည်းများအား ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချစေရန်၊ ဈေးပိုတင်မရောင်းရန် စည်းကမ်းချက်များ သတ်မှတ်ထားကြောင်း သိရသည်။

 

စနေမောင်(ခန္တီး)