မန္တလေး၊ ၂၁ ဇန်နဝါရီ

 

၂၀၂၀ ခုနှစ်အတွင်း မန္တလေးခရိုင်၌ မီးလောင်မှုကြောင့် ငွေကျပ်သန်း ၁၀ဝ၀ ကျော် ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ စာရင်းများအရ သိရသည်။

 

၂၀၂၀ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ မီးလောင်မှု (၁၀၆)ကြိမ် ဖြစ်ပွားခဲ့ပြီး ငွေကျပ် သန်း ၁၁၀ဝ ကျော် ဆုံးရှုံးခဲ့သည်။ မီးလောင်မှုတွင် ပေါ့ဆမှုကြောင့် မီးလောင်မှုအများဆုံး ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားခဲ့သည့် မီးလောင်မှု (၁၀၆)ကြိမ်တွင် လူကိုးဦး သေဆုံးခဲ့သည်ဟု သိရသည်။

 

မန္တလေးတိုင်းဒေသကြီး၌ အပူချိန်မြင့်တက်လျက်ရှိသဖြင့် ရေခဲသေတ္တာ၊ အဲကွန်းများ တောက်လျှောက်ဖွင့်ရာတွင် safeguard များ ဝိုင်ယာလောင်ကျွမ်းပြီး မီးလောင်မှုများ ဖြစ်ပေါ် နေမှုကြောင့် အရည်အသွေးမမီသော safeguard များ မသုံးသင့်ကြောင်း၊ မီးဖိုမီးများချက်ပြုတ်ရာတွင် အထူးဂရုပြုသင့်ကြောင်းနှင့် ခြင်ဆေးခွေများထွန်းရာတွင် မပေါ့ဆသင့်ကြောင်း မီးသတ်ဦးစီးဌာနမှ သတိပေးထားသည်။

 

မေသက်ထား

ဓာတ်ပုံ- Than Htay