နေပြည်တော် ၈ စက်တင်ဘာ
၂၀၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန် လက်ရွေးစင်အသင်းတို့သည် စက်တင်ဘာ ၁၀ ရက် ညနေ (၆) နာရီ မိနစ် (၅၀) အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်အား မြန်မာ့ရုပ်မြင်သံကြား MRTV ၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


