၂၂ ဇန်နဝါရီ
ဆွစ်ဇာလန်နိုင်ငံ လော့ဆန်နီ ဒေသတွင် ကျင်းပသည့် ၂၀၂၀ ခုနှစ် လူငယ် အိုလံပစ် အားကစားပြိုင်ပွဲ ရေခဲပြင်ဟော်ကီကစားနည်းတွင် ဂျပန်အမျိုးသမီးအသင်း ရွှေတံဆိပ် ဆု ရရှိခဲ့သည်။
ထိုပွဲစဉ်တွင် ရရှိသော ဆုတံဆိပ်သည် ဂျပန်နိုင်ငံအနေဖြင့် ပထမဆုံးအကြိမ်ရရှိသော ဆုတံဆိပ်ဖြစ်သည်။
အဆိုပါ ဂျပန်အမျိုးသမီးအသင်းသည် အိုလံပစ် ရေခဲပြင် ဟော်ကီ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိသည့် ပထမဆုံး သော အာရှအသင်း ဖြစ်လာသည်။
ဗိုလ်လုပွဲတွင် ဂျပန်အသင်းက ဆွီဒင်အသင်းကို ၄-၁ ဖြင့် အနိုင်ရရှိခဲ့သည်။
ထို အားကစားပြိုင်ပွဲကို ဗော့ဒွိုက် အားကစားကွင်းတွင် ယမန်နေ့က ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဆွီဒင်အသင်းသည် ပြီးခဲ့သည့် လူငယ်အိုလံပစ်ပြိုင်ပွဲနှစ်ခုတွင် အနိုင်ရရှိခဲ့သည်။
ဆွီဒင်အသင်းက ပထမပိုင်းပွဲစဉ်တွင် ဂိုးသွင်းခဲ့သော်လည်း ဂျပန်အသင်းက ဒုတိယပွဲစဉ်တွင် ချေပဂိုးသွင်း ပြန်သွင်းခဲ့သည်။
ဂျပန်အသင်းသည် တတိယပွဲစဉ်တွင် သုံးကြိမ် ဂိုးသွင်းခဲ့သည်။ ဂျပန်အသင်းမှ ရီအိုနိုရို ၊ အိုင်တို နှင့် ရှီမိုမူကီ တို့က ထိုဂိုးများကို သွင်းခဲ့ခြင်း ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို