နေပြည်တော် ၂ ဇွန်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက် ပွဲအတွက် မဲဆန္ဒနယ်များ သတ်မှတ်နိုင်ရေး၊ မဲရုံအရေအတွက်များ အတည်ပြု သတ်မှတ်နိုင်ရေး အပါအဝင် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၏ မဲရုံများနှင့် အခြေခံမဲစာရင်းများ တောင်းယူနိုင်ရေးတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မဲဆန္ဒနယ်များနှင့် မဲရုံများ လျာထားသတ်မှတ်ခြင်းဆိုင်ရာများ အပါအဝင် မဲဆန္ဒနယ်များ ပိုင်ခြားသတ်မှတ်ခြင်း ဆိုင်ရာဥပေဒ၊ နည်းဥပဒေပြဌာန်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
#MRTV


