ပုသိမ် ၁၅ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်း၍ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် မြို့နယ် (၂၆)မြို့နယ်၌ ကလေးစာပေပွဲတော်များ ကျင်းပလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၈)မြို့နယ်တွင် ကျင်းပမည်သွားဖြစ်သည်။

က​လေးစာ​ပေပွဲ​တော်များကို ​အင်္ဂပူမြို့တွင် ဇန်နဝါရီ ၃ ရက်မှ ၄ ရက်ထိလည်း​ကောင်း၊ လပွတ္တာမြို့တွင် ဇန်နဝါရီ ၇ ရက်မှ ၈ ရက်ထိ ​လည်း​ကောင်း၊ ကျုံ​​ပျော်မြို့တွင် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်ထိ လည်းကောင်း ၊​မြန်​အောင်မြို့တွင် ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်ထိ ​လည်း​ကောင်း၊ ​ညောင်တုန်းမြို့တွင် ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်ထိ လည်း​ကောင်း၊​​ ရေကြည်မြို့တွင် ဇန်နဝါရီ ၂၄ ရက်မှ ၂၅ ရက်ထိ ​လည်းကောင်း၊ ကြံခင်းမြို့တွင် ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်ထိလည်း​ကောင်း၊ ဘိုက​လေးမြို့တွင် ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်ထိ လည်း​ကောင်း တစ်မြို့နယ်လျှင် (၂) ရက်စီဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ကလေးစာပေပွဲတော်များတွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းနှင့် အသိပညာပေးပြခန်းများ၊ လူဝင်၍ ဓါတ်ပုံရိုက်နိုင်သည့် အရုပ်ကြီးများ၊ အမှတ်တရဓါတ်ပုံရိုက်နိုင်သည့် 3D ဗီနိုင်းများအား စီစဥ်​ဆောင်ရွက်​ပေးထားမည်ဖြစ်ကြောင်း၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ၊ ပွဲ​တော်လာပရိသတ်များ၏ မိုဘိုင်းဖုန်းများအား မြန်မာယူနီကုဒ်စနစ် အခမဲ့​ပြောင်းလဲ​ပေးခြင်းများ၊ 4G Sim card များ အခမဲ့လဲလှယ်​ပေးခြင်းများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ ကလေးစာပေပွဲတော်များတွင် နယ်ပယ်ဒေသအသီးသီးမှ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း တိုင်း​ဒေသကြီး ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်​ဆံ​ရေးဦးစီးဌာနမှ သိရှိရသည်။

တိုးဝေဇင် (တိုင်း​ဒေသကြီး ပြန်/ဆက်)