ပုသိမ် ၁၄ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အခြေခံပညာဉီးစီးဌာနနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်း၍ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် မြို့နယ် (၂၆) မြို့နယ်၌ ကလေးစာပေပွဲတော်များ ကျင်းပလျှက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း မြို့နယ် (၈) မြို့နယ်တွင် ကျင်းပမည်သွားဖြစ်သည်။
ကလေးစာပေပွဲတော်များကို အင်္ဂပူမြို့တွင် ဇန်နဝါရီ ၃ ရက်မှ ၄ ရက်ထိ လည်းကောင်း၊ လပွတ္တာမြို့တွင် ဇန်နဝါရီ ၇ ရက်မှ ၈ ရက်ထိ လည်းကောင်း၊ ကျုံပျော်မြို့တွင် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်ထိ လည်းကောင်း၊ မြန်အောင်မြို့တွင် ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်ထိ လည်းကောင်း၊ ညောင်တုန်းမြို့တွင် ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်ထိ လည်းကောင်း၊ ရေကြည်မြို့တွင် ဇန်နဝါရီ ၂၄ ရက်မှ ၂၅ ရက်ထိ လည်းကောင်း၊ ကြံခင်းမြို့တွင် ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်ထိလည်းကောင်း၊ ဘိုကလေးမြို့တွင် ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်ထိ လည်းကောင်း တစ်မြို့နယ်လျှင် (၂) ရက်စီဖြင့် ကျင်းပသွားမည် ဖြစ်သည်။
ယင်း ကလေးစာပေပွဲတော်များတွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းနှင့် အသိပညာပေးပြခန်းများ၊ လူဝင်၍ ဓာတ်ပုံရိုက်နိုင်သည့် အရုပ်ကြီးများ၊ အမှတ်တရဓါတ်ပုံရိုက်နိုင်သည့် 3D ဗီနိုင်းများအား စီစဉ်ဆောင်ရွက်ပေးထားမည် ဖြစ်ကြောင်း၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ၊ ပွဲတော်လာပရိသတ်များ၏ မိုဘိုင်းဖုန်းများအား မြန်မာယူနီကုဒ်စနစ် အခမဲ့ပြောင်းလဲပေးခြင်းများ၊ 4G Sim card များ အခမဲ့လဲလှယ်ပေးခြင်းများကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း၊ ကလေးစာပေပွဲတော်များတွင် နယ်ပယ်ဒေသ အသီးသီးမှ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။
တိုးဝေဇင် (တိုင်းဒေသကြီးပြန်ဆက်)